ယီမင်နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လမ်းပြမြေပုံ ရေးဆွဲနိုင်ရေးအတွက် ဆော်ဒီအာရေဗျ နိုင်ငံ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြု၊ ကုလသမဂ္ဂ၏ထောက်ခံမှုဖြင့် နိုင်ငံရေးနည်းလမ်းအရ အလုံးစုံအဖြေရှာနိုင်ရေးအတွက် သက်ဆိုင်ရာယီမင်အဖွဲ့အစည်းများအားလုံးကို တိုက်တွန်း

အောက်တိုဘာ ၁၁, ၂၀၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ယီမင်နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ၏ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ချက်များကို အသိအမှတ်ပြုလျက် မကြာမီကပြုလုပ်ခဲ့သည့် ဆော်ဒီအာရေဗျနိုင်ငံ၊ ဆက်သွယ်ရေးနှင့် ပူးပေါင်းညှိနှိုင်းရေးအဖွဲ့နှင့် ယီမင်နိုင်ငံမြို့တော် စနား(ရ်)မြို့မှ ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးမှုကိုလည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး ဆော်ဒီအာရေဗျ တော်ဝင်မင်းသား ခါလစ် ဘင် ဆယ်လ်မန် နှင့် စနား(ရ်)မြို့မှ ကိုယ်စားလှယ် အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးမှုကိုလည်းကောင်း ကြိုဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ယီမင်နိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို ယီမင်နိုင်ငံ၏ ကာလရှည်ကြာပဋိပက္ခအား အဆုံးသတ်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိနိုင်ရန် ကုလသမဂ္ဂ၏ ထောက်ခံမှုဖြင့် နိုင်ငံရေး နည်းလမ်းအရ အလုံးစုံအဖြေရှာရေးအတွက် တိုက်တွန်းသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်