Our Articles

Flip ဖုန်းတွေသုံးတဲ့ပုံစံကိုပြောင်းသွားစေမယ့် Samsung ရဲ့ Z Flip 5

အခု Samsung ရဲ့ Z Flip 5 မတိုင်ခင်အထိကို Flip ဖုန်းတွေက ပြောရရင် fashion accessory တစ်ခုအနေနဲ့ ပိုသုံးကြပြီးတော့ ၊ သိပ်ပြီး main stream ဆီမရောက်လာဘူး။ အရှေ့ဘက် cover display ကလဲ notification ကြည့်ရုံလောက်ကလွဲရင် တခြားသိပ်အသုံးဝင်တယ်လို့မခံစားရဘူး။ ဖြန့်ချလိုက်ရင် အားရစရာ display ကြီးပေါ်လာတဲ့ Fold တွေလိုမျိုးမဟုတ်ဘူးဗျာ။ ဒီ Flip လောကမှာ market leader လို့ပြောရမယ့် Samsung ရဲ့ Z flip 4 ကအစ display သေးသေးလေးနဲ့ ဘာမှသိပ်လုပ်လို့မရခဲ့ဘူး။ ကြားထဲမှာ Oppo ရဲ့ Find N2 Flip လိုမျိုး cover display ပိုကြီးလာတဲ့ ဖုန်းမျိုးတွေပေါ်ခဲ့ပေမယ့် cover screen မှာတော့ widget တွေလောက်ပဲ သုံးလို့ရတယ်။ Main screen မှာလိုမျိုး Fully functional app တွေသုံးလို့မရဘူး။ ( Cover OS ဆိုတဲ့ thirdparty software တွေနဲ့ဆိုရင်တော့ ရတယ်၊ ဒါပေမယ့် native မဟုတ်တော့ အရမ်းတော့ အဆင်ပြေမှာမဟုတ်ဘူး)

မနေ့က မိတ်ဆက်သွားတဲ့ Z flip 5 မှာတော့ အဲ့လိုမဟုတ်တော့ဘူး၊ သူတို့ သတ်မှတ်ထားတဲ့ google maps, youtube, message လိုမျိုး app တစ်ချို့ကို cover display ပေါ်မှာ full app အနေနဲ့ သုံးလို့ရသွားပြီ။ နောက်ပိုင်းမှာလဲ တခြား third party app တွေသုံးလို့ရလာမယ့် သဘောမှာရှိတယ်။ အဲ့လိုသုံးလို့ရဖို့ကိုလဲ Cover display က Zflip 4 ရဲ့ 1.9 inch ကနေ အများကြီးပိုကြီးတဲ့ 3.4 inch cover screen ထည့်ပေးထားတယ်။ အရင်ကလို စာပို့ရင် pre-written text တွေနဲ့ အစား full layout keyboard နဲ့စာရိုက်လို့ရတာတို့ Maps ကို ဖုန်းဖွင့်စရာမလိုဘဲနဲ့ကြည့်လို့ရတာတို့က Flip ဖုန်းတွေကို နည်းနည်းတော့ပိုအသုံးဝင်လာစေတယ်လို့ထင်တယ်။ အော်ပြီးတော့ selfie ကိုလဲ cover display ကနေ main camera နဲ့ရိုက်ဖို့ ပိုအဆင်ပြေသွားတယ်။ တခြားလဲ သုံးတတ်ရင်သုံးတတ်သလောက် cover display လေးက အသုံးဝင်လာမယ့်သဘောမှာရှိတယ်။

တခြား improvement တွေအနေနဲ့ကတော့ hinge ကအရင်ကလို ဟနေတဲ့ gap မရှိတော့ဘူး။ လုံးဝ flat ဖြစ်သွားပြီ။ Performance တော်တော်လေးကောင်းတဲ့ Snapdragon 8 Gen 2 SoC ထည့်ပေးလာတယ်။ ကျန်တဲ့ camera setup တွေတို့ ၊ IP X8 rating ရပြီးရေစိုခံတာတို့၊ 3700 mAh battery တို့ 25W wired/15W wireless charging ပါတာတို့ကတော့တူတူပဲ။

Z Fold 5 ဆိုရင် ဘာမှတောင်သိပ်မပြောင်းဘူး။ Hinge ကလုံးဝ ပိတ်သွားတဲ့ဟာဖြစ်တာရယ်၊ Snapdragon 8 Gen 2 ဖြစ်သွားတာရယ်၊ screen တွေကို နည်းနည်းပိုအကြမ်းခံတဲ့ Gorilla Glass Victus 2 သုံးပေးလာတာရယ်လောက်ပဲကွာတယ်။ အဲ့ဒါကလွဲရင်က Z Fold 4 နဲ့ အတူတူပဲ။ ဆိုတော့ Fold 4 သမားတွေကတော့ Fold 5 ကို upgrade လုပ်လဲသိပ်မထူးဘူး။

Z Fold 5 ဆိုရင် ဘာမှတောင်သိပ်မပြောင်းဘူး။ Hinge ကလုံးဝ ပိတ်သွားတဲ့ဟာဖြစ်တာရယ်၊ Snapdragon 8 Gen 2 ဖြစ်သွားတာရယ်၊ screen တွေကို နည်းနည်းပိုအကြမ်းခံတဲ့ Gorilla Glass Victus 2 သုံးပေးလာတာရယ်လောက်ပဲကွာတယ်။ အဲ့ဒါကလွဲရင်က Z Fold 4 နဲ့ အတူတူပဲ။ ဆိုတော့ Fold 4 သမားတွေကတော့ Fold 5 ကို upgrade လုပ်လဲသိပ်မထူးဘူး။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *