Our Articles

Business တွေအတွက် ကိုယ်ပိုင် ChatBot ဖြစ်အောင်လေ့ကျင့်ပေးလို့ရတော့မယ့် Chat GPT-3.5 Turbo

လက်ရှိ ChatGPT ကို တစ်ချို့ business တွေမှာသုံးတာမျိုးရှိပေမယ့် public version က ကိုယ့် လုပ်ငန်းအကြောင်းသေချာမသိတာ၊ product တစ်ခုချင်းစီအကြောင်းတွေ ပြန်မရှင်းပြပေးနိုင်တာ၊ Brand ကလိုချင်တဲ့ tone of voice အတိုင်း ထွက်မလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

တကယ်တမ်း AI Chat Bot တစ်ခုကို Business အတွက်သုံးမယ်ဆိုရင်က ကိုယ့် company ရဲ့ ကိုယ်ပိုင် data တွေနဲ့ အရင်လေ့ကျင့်ပြီးမှပဲ သုံးရတာပိုအဆင်ပြေပါတယ်။ ဒါမှ costomer ကမေးလိုက်တဲ့အကြောင်းအရာတွေကို ပြန်ဖြေတာမှာဖြစ်ဖြစ်၊ email , content တွေရေးပေးတာမှာဖြစ်ဖြစ် ကိုယ့် brand ရဲ့ ပုံစံအတိုင်းသူက ကွက်တိဖြစ်နေမှာပါ။

အဲ့ဒီအတွက်ကို OpenAI က အဲ့လိုမျိုး Company Data တွေကို ထည့်ပြီး custom training လုပ်ပေးလို့ရတဲ့၊ fine-tune လုပ်လို့ရတဲ့ Chat GPT 3.5 Turbo version ကို ကြေငြာသွားပါတယ်။ ဒီ model က တစ်ချို့ လုပ်ဆောင်ချက်တွေမှာ Chat GPT-4 နဲ့ ယှဉ်နိုင်ပြီးတော့ ပိုကောင်းတဲ့နေရာတွေလဲရှိတယ်လို့ပြောသွားတယ်။ ပြီးတော့ ဒီနှစ်ကုန်လောက်မှာ GPT-4 ကိုလဲ ဒါမျိုး custom tuning လုပ်လို့ရမယ့် version ထုတ်ပေးမယ်လို့ ဆိုပါတယ်။

ဒီ GPT 3.5 Turbo version ထွက်မလာခင်အချိန်အထိက business clients တွေအနေနဲ့ GPT-3 variants တွေဖြစ်တဲ့ davinci-002 နဲ့ babbage-002 model တွေကိုပဲအသုံးပြုနေခဲ့ရတာဖြစ်ပါတယ်။

အခု Business တွေအတွက်ထုတ်ပေးလိုက်တဲ့ GPT-3.5 turbo က GPT-4 လိုမျိုးပဲ September 2021 အထိ data တွေကို သိနိုင်တဲ့ pre-trained model အနေနဲ့ လာမှာပါ။ ပြီးမှ ကိုယ့် company အကြောင်းအသေးစိတ် data တွေနဲ့ပြန် train ပေးရမှာဖြစ်ပါတယ်။ Data privacy and security အတွက်ကိုလဲ company က train ဖို့ထည့်ထားတဲ့ input data ရော၊ AI ကပြန်ထုတ်ပေးတဲ့ output data ရောကို နောက်ထပ် AI models အသစ်တွေ train အတွက် လုံးဝ အသုံးမပြုသွားဘူးလို့ဆိုပါတယ်။ ဆိုလိုတာက Company ရဲ့ data တွေက company က train ထားတဲ့ model မှာပဲရှိနေမှာဖြစ်ပြီး Open AI ဘက်က ရယူသုံးစွဲသွားမှာမဟုတ်ပါဘူးဆိုတဲ့သဘောပါပဲ။ ဒါကလဲ လုပ်ငန်းတော်တော်များများ စိုးရိမ်နေတဲ့ company data တွေအပြင်ကိုပေါက်ကြားသွားနိုင်တယ်ဆိုတဲ့ အချက်ကို ဖြေရှင်းပေးထားတာဖြစ်ပါတယ်။

Company ဘက်က fine-tuning လုပ်ထားတဲ့ AI model ကို Brand ရဲ့ tone of voice အတိုင်း ကြော်ငြာတွေရေးတာ၊ internal email တွေမှာ တစ်စိတ်တစ်ပိုင်းရေးခိုင်းတာ၊ Software company တွေမှာ API calls တွေ code တွေကူရေးပေးခိုင်းတာမျိုးတွေအတွက် ကောင်းကောင်း အသုံးပြုနိုင်မှာပါ။

Business တွေဘက်က Open AI ကို ဒီ custom model အတွက် ပေးရမယ့် ဈေးနှုန်းတွေကလဲ အရမ်းတော့မများပါဘူး။ Training လုပ်တဲ့အခါသုံးရမယ့် token 1000 အတွက် $0.0080 ကျသင့်မှာဖြစ်ပြီး inpt usage အတွက် token 1000 ကို $0.0120 , output အတွက် tokens 1000 ကို $0.0120 ကျသင့်မှာဖြစ်ပါတယ်။

ဆိုတော့ နောက်ပိုင်းမှာ Custom tuned လုပ်ထားတဲ့ AI model တွေက company တွေရဲ့ အလုပ်အစိတ်အပိုင်းတော်တော်များများမှာ နေရာယူလာနိုင်ခြေရှိနေပါတယ်။

Source: TheVerge

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *