Our Articles

September မှာထွက်လာမယ့် IPhone 15 Series တွေမှာ ဘာတွေထူးလာမလဲ?

iPhone အသစ်ထွက်ခါနီးထုံးစံအတိုင်းပဲ ဘာပါလာမယ်၊ ဘာပြောင်းသွားမယ်ဆိုတဲ့ leak တွေကတော့ မျိုးစုံထွက်နေပြီ။ ဒီနေ့ article လေးမှာတော့ iPhone 15 series ဖုန်းတွေမှာ ပါလာမယ့် features အသစ်တွေရယ် ဈေးနှုန်းအသစ်ရယ်နဲ့ ဘယ်နေ့ ထွက်မလဲဆိုတာရယ်ကို ပြောပြပေးပါမယ်။

iPhone 15 series တွေကို မိတ်ဆက်မယ့် apple event ကျင်းပမယ့်နေ့ကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့ ဒါမှမဟုတ် ၁၃ ရက်နေ့လို့ ပြောကြတယ်။ 15 ရက်နေ့မှာ pre-order စလက်ခံပြီးတော့ ၂၂ ရက်နေ့မှာ apple store တွေမှာ စပြီးဝယ်လို့ရမယ်ဆိုတာမျိုး သတင်းတွေထွက်တယ်။ ဒါကြောင့် အခုပြောပြမယ့် leak တွေ မှန်မမှန်သိရဖို့က ၂ ပတ်လောက်ပဲလိုပါတော့တယ်။

Dynamic Island က iPhone 14 series တွေမှာလို pro နဲ့ pro max မှာပဲပါမှာမဟုတ်တော့ဘဲနဲ့ iPhone 15 model တွေအကုန်လုံးမှာ ထည့်ပေးထားတယ်။ ဒီနှစ်မှာ iPhone X ကနေအစပြုခဲ့တဲ့ notch era ကတော့ အဆုံးသတ်သွားတော့မယ့်ပုံပဲ။

EU law အရ ဒီနှစ်မှာ iPhone 15 တွေအကုန်လုံးက Lightning port မဟုတ်တော့ဘဲနဲ့ Type-C port ဖြစ်သွားမယ်။ ဒါပေမယ့် Pro series တွေမှာပဲ ပိုမြန်တဲ့ tunderbolt speed ရမယ်၊ ရိုးရိုး iPhone 15 တွေကတော့ lightning port မှာရတဲ့ transfer rate ပဲရမယ်။

လျှပ်စစ်ကားတွေမှာသုံးတဲ့ Battery နည်းပညာအသစ်ကြောင့်မို့လို့ Battery ပမာဏပိုများများဆန့်လာမယ်၊ အရင် iPhone 14 series တွေထက် 500 mAh ကနေ 700 mAh နီးပါးလောက်ပိုများလာမယ်။

Design ပိုင်းမှာ bezel အနားသတ်တွေ ခုံးထားတဲ့ rounded edge design ကိုပြန်သုံးလာမယ်၊ Bezels တွေက 1.55mm လောက်အထိပါးသွားမယ်။ Pro series တွေမှာ titanium ဘောင်တွေသုံးထားလို့ အရင်ကထက်ပိုပေါ့မယ်၊ Mute switch အစား Apple watch ultra မှာလိုမျိုး action button ဖြစ်သွားမယ်။

Camera က iPhone 15 ရိုးရိုးတွေမှာရော 48MP main sensor ထည့်ပေးလာတယ်။ ဒါပေမယ့် iPhone 15 Pro နဲ့ Pro Max မှာက Sensor size ပိုကြီးမယ်။ 15 Pro Max မှာ periscope lens ထည့်ပေးထားပြီး 6x optical zoom အထိရမယ်။

iPhone 15 Pro series တွေမှာသုံးလာမယ့် A17 bionic chip က ကမ္ဘာ့ပထမဆုံး 3nm SoC ဖြစ်လာမှာဖြစ်ပြီးတော့ TSMC ပြောပုံအရ 35% လောက် battery efficiency တိုးလာမယ်။ ဆိုတော့ iPhone 15 Pro series တွေက battery တော်တော်လေးခံလာနိုင်တယ်။ Performance အရလဲ Android ဘက်ကအသစ်ထွက်လာမယ့် Snapdragon 8 Gen 3 ထက်ကို သိသိသာသာပိုကောင်းမယ်။

iPhone 15 Pro Max ဆိုတဲ့နာမည်အစားကို iPhone 15 Ultra လို့ နာမည် ပြောင်းသုံးလာနိုင်တယ်။

Charging speed လဲ Pro model တွေမှာ 20W မဟုတ်တော့ဘဲနဲ့ 27W ကနေ 35W အထိတိုးလာနိုင်တယ်။

အရောင်အသစ်တွေအနေနဲ့ Pro model တွေမှာ Dark Red နဲ့ ရိုးရိုး model တွေမှာတော့ mint green မဟုတ်ရင် Cyan ပါလာမယ်။

ဈေးကလဲ အရင်နှစ်က iPhone 14 Pro model တွေထက် iPhone 15 Pro model တွေက $100 ကနေ $200 လောက်ထိဈေးပိုများလာနိုင်တယ်။ ($1,199 for iPhone 15 Pro, $1,299 for iPhone 15 Pro Max/Ultra)

အခု ကျွန်တော်ရေးထားတဲ့ Leak တော်တော်များများက up-to-date ဖြစ်ပြီးတော့ reputable leaker တွေဆီကနေ ထွက်လာတာဆိုတော့ အကုန်မမှန်ရင်တောင် ဖြစ်နိုင်ခြေတော်တော်တော့များတယ်။ ဒါပေမယ့် တကယ်ဟုတ်မဟုတ် သေချာအောင်တော့ Apple Event မှာစောင့်ကြည့်ကြရပါဦးမယ်။

Ref; MacRumors.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *