Our Articles

ကြော်ငြာမတက်စေချင်ရင် ပိုက်ဆံပေးပြီးသုံးလို့ရတော့မယ့် Facebook နဲ့ Instagram (ဈေးတော့ နည်းနည်း များမယ် … )

နိုင်ငံတစ်ချို့မှာ ကြော်ငြာမတက်စေချင်ရင် ပိုက်ဆံပေးပြီးသုံးလို့ရတော့မယ့် Facebook နဲ့ Instagram (ဈေးတော့ နည်းနည်း များမယ် … )

Meta က အဓိကအားဖြင့် ကြော်ငြာတွေကနေ ပိုက်ဆံရှာတာဆိုပေမယ့် Europe ဘက်မှာ EU privacy regulations အသစ်တစ်ချို့နဲ့ သွားငြိနေတာမျိုးရှိတယ်။ ဆိုတော့ သက်ဆိုင်ရာ region တွေမှာ ကြော်ငြာတွေကို ဖြုတ်ပေးပြီး လစဥ်ကြေးကောက်တဲ့ option တစ်ခု ထပ်ထည့်ပေးတဲ့နည်းကို ရွေးလိုက်ပုံရပါတယ်။ အဲ့ဒီအတွက်ကို လာမယ့်နှစ်မှာ official စထည့်ပေးတော့မှာဖြစ်ပြီး တစ်ချို့ Instagram account တွေမှာတော့ လစဥ်ကြေးနဲ့ subscribe လုပ်မလား၊ ကြော်ငြာတွေကြည့်ပြီး အလကား ဆက်သုံးမလားဆိုတာကိုရွေးလို့ရတဲ့ ခုပြထားသလိုမျိုး prompt လေးတွေပေါ်နေပါပြီ။

ကြော်ငြာမပါဘဲအသုံးပြုဖို့အတွက်ကို လစဥ်ကြေးအနေနဲ့ €9.99 ပေးရမှာဖြစ်ပြီးတော့ ၊ တကယ်လို့ Google ဒါမှမဟုတ် Apple ရဲ့ app stores တွေကနေတစ်ဆင့်ဝယ်မှာဆိုရင် €12.99 ကျသင့်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ ဒီဈေးနှုန်းက linked လုပ်ထားတဲ့ account အားလုံးအတွက်အကြုံးဝင်နေပါသေးတယ်။

ဒါပေမယ့် 2024 March လ ၁ ရက်နေ့ကနေစပြီးတော့ Meta Account Center မှာ linked လုပ်ထားတဲ့ profile တစ်ခုချင်းစီအတွက် €6 ထပ်ပေးရမယ်လို့ ပြောထားပါတယ်၊ App stores တွေကနေဝယ်ရင် €8 ကျမှာပါ။ နောက်တစ်ခုကတော့ အသက် ၁၈ နှစ်ပြည့်ပြီးသား သူတွေရဲ့ account မှာပဲ ဒီ ad-free service offer က ပေါ်မှာပါ။ ၁၈ နှစ်အောက်တွေသုံးလို့မရပါဘူး။

Meta ကပေါ်လာတဲ့ prompt အရတော့ ဒါမျိုးရွေးချယ််မှုပေးတာက သက်ဆိုင်ရာ region တွေမှာ ဥပဒေအပြောင်းအလဲတွေရှိတာကြောင့် လို့ပြောထားပါတယ်။ ဆိုတော့ ဥပဒေအပြောင်းအလဲမရှိတဲ့ နိုင်ငံတွေမှာတော့ ဒီ prompt လိုမျိုး ပိုက်ဆံပေးပြီး ads တွေပိတ်လို့ရတဲ့ option ပေါ်လာချင်မှပဲပေါ်လာမှာပါ။ ပေါ်လာခဲ့ရင်တောင် တစ်လကို $20 ဝန်းကျင်လောက်ပေးရမယ်ဆိုတာက ကျွန်တော်တို့နိုင်ငံလို ဝင်ငွေနည်းတဲ့ နိုင်ငံမျိုးတွေအတွက်တော့ ဈေးအရမ်းများလွန်းနေပါသေးတယ်။

Ref: The Verge

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *