Our Articles

User တစ်ချို့ Google Drive မှာသိမ်းထားတဲ့ Data တွေပျောက်သွားလို့ ပြသနာအရှာခံနေရတဲ့ Google

ခုခေတ်မှာ Google drive လို cloud storage တွေက တစ်ချို့လူတွေအတွက် အဓိက file သိမ်းဆည်းတဲ့ နေရာတစ်ခုအဖြစ်နေရာယူထားပါတယ်။ Cloud storage တွေရဲ့အားသာချက်ဖြစ်တဲ့ အင်တာနက်ရှိတဲ့ ဘယ်နေရာမှာမဆို file တွေကို ပြန်ယူလို့ရတာ၊ နေရာအနှံ့အပြားမှာ data center တွေနဲ့ backup တွေရှိလို့လုံခြုံစိတ်ချရတာစတာတွေက လူကြိုက်များတဲ့အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် အဲ့လိုဆိုတိုင်းလဲ ကိုယ့်ရဲ့ အရေးကြီး data တွေကို cloud ပေါ်မှာပဲအပြည့်အဝ သိမ်းဆည်းတာမျိုးတော့ မလုပ်သင့်ပါဘူး။

အခုဖြစ်နေတဲ့ဖြစ်ရပ်မှာဆိုရင် Google Drive user တစ်ချို့က သူတို့ရဲ့ personal file တွေပျောက်ဆုံးနေတဲ့အပေါ်မှာ Google ကို တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။ User တစ်ချို့ဆိုရင် သူတို့ရဲ့ google drive က data တွေဟာ May လလောက်အထိပဲ ကျန်နေပြီး ကျန်တဲ့လတွေက data တွေပျောက်ဆုံးသွားတယ်လို့ဆိုပါတယ်။ လောလောဆယ် အလားတူဖြစ်ရပ်မျိုးဖြစ်နေတဲ့ user ပေါင်း 192 ယောက်အထက်ရှိနေပြီးတော့ တစ်ချို့တွေက data တွေပြန်မရမှာကို စိုးရိမ်တဲ့ comment တွေ ment ထားတာလဲတွေ့ရပါတယ်။ Google support team က DriveFS folder ကို restore လုပ်ဖို့ လမ်းညွှန်ချက်တွေပေးတဲ့အတိုင်း လုပ်ကြပေမယ့် data တွေတော့ အခုချိန်အထိ ပြန်မရကြသေးပါဘူး။

Google ဘက်ကတော့ ဒီပြသနာက Google drive desktop version 84.0.0.0 ကနေ 84.0.40 အထိဖြစ်နေတဲ့ Sync issue လို့ ပြောထားပြီး Community support thread အရလဲ Google Drive Desktop ကိုအသုံးပြုတဲ့ user တွေမှာ အဓိကဖြစ်တာလို့ သိရပါတယ်။ ဆိုတော့ တကယ်လို့များအခုစာဖတ်နေတဲ့သူက PC သို့မဟုတ် Mac မှာ Google Drive Desktop ကိုအသုံးပြုတဲ့သူဆိုရင်တော့ ကိုယ့်ဖိုင်တွေ ပျောက်နေတာရှိမရှိ စစ်ဆေးသင့်ပါတယ်။ ပျောက်နေတယ်ဆိုရင်တော့ Google Drive Desktop မှာ disconnect account ဆိုတာကိုမနှိပ်ဖို့နဲ့ အောက်ကပြထားတဲ့ app data folder ကို သွားမထိဖို့ သတိပေးထားတာရှိပါတယ်။ ဖြစ်နိုင်ရင် လိုရမယ်ရ copy ကူးပြီးတစ်နေရာမှာသိမ်းထားတာပိုကောင်းပါလိမ့်မယ်။

Windows: %USERPROFILE%\AppData\Local\Google\DriveFS

macOS: ~/Library/Application Support/Google/DriveFS

Google လို company ကြီးတစ်ခုအနေနဲ့ကတော့ Backup တွေကအမြဲတမ်းရှိနေမှာဖြစ်လို့ ဒါမျိုး ပြသနာကို အဆင်ပြေအောင် ပြန်ဖြေရှင်းပေးနိုင်ဖို့မျှော်လင့်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်တကယ်မရှိမဖြစ်အရေးကြီးတဲ့ ပျောက်ဆုံးပျက်စီးလို့မရတဲ့ data တွေဆိုရင် အနည်းဆုံးတော့ cloud ရော local storage ရော ၂ နေရာစလုံး မှာ သိမ်းဖို့ကို အကြံပေးချင်ပါတယ်။

Local storage မှာသိမ်းဖို့ storage မလုံလောက်တဲ့ပြသနာဖြစ်နေရင်တော့ high speed, high capacity SSD နဲ့ HDD တွေမျိုးစုံရနိုင်တဲ့ Technoland ကိုသာလာခဲ့လိုက်ပါ။

Ref; TheVerge

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *