Our Articles

MWC 2024 မှာ Galaxy Ring ကိုမိတ်ဆက်လိုက်တဲ့ Samsung❗

Samsung S24 series launch မှာတုန်းက teaser သဘောမျိုး ပြသွားတဲ့ Galaxy ring က နောက်ဆုံးမှာတော့ တကယ်ထွက်လာပါပြီ။ Galaxy Ring အတွက်ရနိုင်မယ့် size နဲ့ color options, battery life တွေအပြင် launch date ကိုလဲ Samsung ကကြေငြာသွားပါတယ်။

Launch date ကတော့ အတိအကျမဟုတ်ဘဲနဲ့ ဒုတိယနှစ်ဝက်ထဲမှာဖြစ်မယ်လို့ဆိုပါတယ်။

Size အနေနဲ့ standard ring size 5 ကနေ 13 အထိရှိမှာဖြစ်ပြီးတော့ S to XL လို့ လက်စွပ်မှာရေးထားတာတွေ့ရပါတယ်။ အရောင်ကတော့ Ceramic Black, Platinum Silver နဲ့ Gold ဆိုပြီး ၃ ရောင်ရှိမှာပါ။ Galaxy Ring က ဘာတွေထူးလဲဆိုတော့ heart rate နဲ့ sleep ကို track လုပ်ပေးနိုင်မယ်၊ ပြီးတော့ တကယ်လို့ ကိုယ့်မှာ Galaxy Watch ရှိပြီးသားဆိုရင်လဲ health and activity tracking မှာ watch နဲ့ အတူတူ အလုပ်လုပ်ပြီးတော့ ပိုတိတိကျကျတိုင်းပေးနိုင်မယ်။ ဆိုတော့ ၂ မျိုးစလုံးဝယ်ထားတဲ့သူတွေအတွက်တော့ မိုက်တယ်။ လောလောဆယ်တော့ ဒီ smart ring က Samsung Galaxy ဖုန်းတွေနဲ့ပဲသုံးလို့ရဦးမယ်လို့သိရတယ်၊ နောက်ပိုင်းမှာတော့ တခြား Android phone တွေနဲ့ပါရလာနိုင်တယ်။ iOS အတွက်ရနိုင်မရနိုင်ကိုတော့ မပြောသွားဘူး။

နောက်တစ်ခုက ဒါမျိုး smart ring သေးသေးလေးမှာ ထည့်ထားတဲ့ battery ကတကယ်ရော အဆင်ပြေပါ့မလားဆိုတာမျိုး မေးခွန်းထုတ်စရာရှိတယ်။ ဒါကို Samsung က တရားဝင်ထုတ်ပြောတာမျိုးမဟုတ်ပေမယ့် 5 ရက်ကနေ ၉ ရက်လောက်အထိ ခံမယ်လို့တော့ အကြမ်းဖျင်းပြောသွားတယ်။ ဆိုတော့ ကြည့်ရတာ သုံးစွဲတဲ့ပုံစံရယ်၊ လက်စွပ် size ရယ်ပေါ်မူတည်ပြီး အပြောင်းအလဲရှိတာမျိုးဖြစ်နိုင်တယ်။ ၅ ရက် ကနေ ၉ ရက်ဆိုတာက သိပ်တော့မများပေမယ့် လက်စွပ်လို form factor အနေနဲ့ကတော့ နောက်ထပ် battery tech အသစ်မပေါ်မချင်း ဒီထက်ပိုခံဖို့မလွယ်လှဘူး။ ဆိုတော့ နေ့တိုင်းအားသွင်းစရာမလိုတာနဲ့တင် မဆိုးဘူးလို့ပြောလို့တော့ရပါတယ်။

Launch date က ဒုတိယနှစ်ဝက်ထဲမှာလို့ပြောပေမယ့် သိပ်တော့နောက်ကျမှာမဟုတ်ဘူး။ July လမှာကျင်းပမယ့် Galaxy Unpacked မှာပဲ ထွက်လာနိုင်တယ်လို့ သတင်းတွေထွက်ထားတာရှိတယ်။ ဆိုတော့ ဒီ Galaxy Ring ထွက်ပြီးတဲ့နောက်ပိုင်းမှာ Smart Ring တွေကလဲ လူတွေပိုအာရုံစိုက်လာဦးမယ့် gadget အမျိုးအစားဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref; https://www.fudzilla.com/…/58543-samsung-officially…

#galaxyring #SamsungGalaxyRing #Technoland

Leave a Reply

Your email address will not be published. Required fields are marked *