Our Articles

ဦးနှောက်ထဲက Computer သို့မဟုတ် Neuralink❗

ဒီ article မှာပြောပြပေးမယ့် Neuralink ဆိုတဲ့ company က Elon musk ရဲ့ company တွေထဲကတစ်ခုပဲ။ ဒီ company က လူသားတွေရဲ့ ဦးနှောက်ထဲမှာ Chip တစ်ခုထည့်ပြီး Brain Computer Interface(BCI) ကိုဖန်တီးဖို့အတွက် တည်ထောင်ထားတာ။ Brain computer interface ဆိုတာကိုရှင်းအောင်ပြောပြရရင် တခြားဘယ်ပစ္စည်းကိရိယာရဲ့ အကူအညီမှမယူဘဲနဲ့ လူဦးနှောက်နဲ့တင်ပဲ electronic devices တွေ၊ computer တွေ ဒါမှမဟုတ် softwares တွေကို တိုက်ရိုက်ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ပေးတဲ့ စနစ်ပေါ့။

ဒီနည်းပညာကို အသုံးပြုနိုင်ဖို့အတွက် ခွဲစိတ်မှုပြုလုပ်ပြီးတော့ Chip လေးတစ်ခုကို ဦးနှောက်ထဲကိုထည့်ရတယ်။ ဦးနှောက်ထဲရောက်ပြီဆိုရင် computer ကို keyboard တွေ mouse တွေအစား အတွေးတွေကနေတစ်ဆင့် ထိန်းချုပ်လို့ရမယ်။

Neuralink ကပြထားတဲ့ N1 Chip ရဲ့ size လေးက အကြွေစေ့ coin တစ်ခုစာလောက်သေးသေးလေးပဲ ၊ အဲ့ဒါကိုမှ surgery လုပ်ပြီးရင်လဲ လုပ်ထားကြောင်း မသိသာဘူး။ Chip အပြင်ဘက်ကို လူခန္ဓာကိုယ်နဲ့ ကိုက်ညီအောင်ထုတ်လုပ်ထားတဲ့ Biocompatible Enclosure တစ်ခုနဲ့ အုပ်ပေးထားတယ်။ အထဲမှာတော့ battery ရယ်၊ Neural signals တွေကို process လုပ်ပေးပြီးတော့ Neuralink application ကိုပို့ပေးမယ့် low power custom chip တွေရှိမယ်၊ ပြီးတော့ ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်ဖို့အတွက် Threads လို့ခေါ်တဲ့ flexible , ultra-thin threads 64 ခုပါမယ်။ အဲ့ဒီ threads လေးတွေက လူ့ဆံပင်ထက်တောင်အများကြီးသေးတာမို့လို့ surgery ကို လူ(ဆရာဝန်)တွေလုပ်လို့မရဘူး၊ သူတို့တီထွင်ထားတဲ့ Surgical Robot က လုပ်ပေးရမှာ။

ဒီ နည်းပညာကို လောလောဆယ် အသုံးချလို့ရမယ့်သူတွေကတော့ တစ်ကိုယ်လုံးလှုပ်လို့မရတဲ့ လူနာတွေက အဓိကဖြစ်မယ်။ နောက်ပိုင်းမှာတော့ သာမန်လူတွေပါ ဒီ neuralink ကို computer တွေ၊ ဖုန်းတွေကို လက်နဲ့မထိဘဲ ထိန်းချုပ်ဖို့ အတွက်သုံးလာကြမယ့်သဘောရှိတယ်။ သိပ်မကြာခင်ကပဲ ဒီ Nuralink ကို FDA approved နဲ့ လူသားတွေမှာ စမ်းသပ်ခွင့်ရသွားပြီးတော့ video တစ်ခုတက်လာတယ်။

ဒီ video က Neuralink က engineer တစ်ယောက်နဲ့ Neuralink ကို ဦးနှောက်ထဲ ကိုပထမဆုံးထည့်ခွင့်ရတဲ့ လူ နဲ့အတူတူရိုက်ထားတာ။ အဲ့ဒီလူက အသက် ၂၉ နှစ်အရွယ် Nolan Arbaugh ဆိုတဲ့သူ ၊ ရေငုပ်တဲ့အချိန်မှာ accident တစ်ခုဖြစ်ပြီး လည်ပင်းကနေ အောက်ပိုင်းတစ်ခုလုံးလှုပ်လို့မရတော့ဘူးဖြစ်သွားတာ။ မနှစ်က Neuralink က လူသားတွေနဲ့စမ်းသပ်ဖို့ အဲ့လိုမလှုပ်နိုင်တဲ့လူနာတွေကို recruit လုပ်တဲ့အချိန်မှာ ရွေးချယ်ခံရတဲ့သူပေါ့။

Arbaugh က Neuralink ထည့်တဲ့ process အကြောင်းကိုပြောတဲ့အချိန်မှာတော့ surgery က အရမ်းလွယ်ကူတယ်လို့ပြောသွားတယ်၊ Music player ကို pause လုပ်ပြတာ၊ online learning လုပ်ပြတာနဲ့ Computer cursor ကို စိတ်နဲ့ထိန်းချုပ်ပြီးတော့ Chess နဲ့ Civilization 6 game တွေလဲဆော့ပြသွားတယ်။ လက်ရှိအခြေအနေမှာက cursor ကိုထိန်းပြီးသုံးနေရတုန်းပဲဆိုပေမယ့် နောက်ဆိုရင် ဘယ်အကောင်ကို ဘယ်အကွက်ကိုရွှေ့ဆိုပြီး တန်းထိန်းလို့ရလာမယ်လို့တွေးမိတယ်။ အဲ့အတွက်တော့ သီးသန့် software implemantation တွေလဲတော့လိုလာနိုင်တယ်။ Neuralink အတွက် အတွေးနဲ့ဆော့ရတဲ့ ဂိမ်းတွေလဲ ထွက်ရင်ထွက်လာမှာပဲ။

စိတ်ဝင်စားစရာကောင်းတာက ဒီ implant က အားတစ်ခါသွင်းထားရင် 8 နာရီလောက်ခံတယ်လို့ပြောတယ်။ အားဘယ်လိုသွင်းလဲအတိအကျတော့မသိပေမယ့် wirelss charger ကိုခေါင်းအုံးအိပ်ရတာမျိုးဆိုရင်တော့ အတော်လေးမိုက်မယ်။

အဆုံးသတ်ရရင် Neuralink က Arbaugh လိုမျိုး လူနာတွေအတွက်တော့ မျှော်လင့်ချက်အသစ်တွေယူလာပေးတာငြင်းလို့မရဘူး။ နောက်ပိုင်း တိုးတက်လာရင် သူတို့အတွက် software developer လိုအလုပ်မျိုးတွေပါလုပ်လို့ရလာနိုင်တာမျိုးဖြစ်လာနိုင်တယ်။ ဆိုတော့ စောင့်ကြည့်ကြိုဆိုရမယ့် နည်းပညာပါပဲ။ Video ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီ link မှာသွားကြည့်လို့ရပါတယ်။

https://twitter.com/i/broadcasts/1ypJdkXjaLNGW
#knowledge #Technoland

Leave a Reply

Your email address will not be published. Required fields are marked *