Our Articles

Video Editing ဒါမှမဟုတ် Graphic Design အတွက်ဘယ်လို Laptop မျိုးရွေးဝယ်သင့်လဲ?

Video editor ဒါမှမဟုတ် Graphic Designer လိုမျိုး Content Creator တွေအနေနဲ့ laptop ရွေးချယ်တဲ့နေရာမှာ လက်တွဲဖော်ရွေးတာလောက်နီးနီးကို ဂရုစိုက်ဖို့လိုပါတယ်။ နေ့စဉ် ထိတွေ့နေရတဲ့ Laptop ကိုမှရွေးချယ်မှုမှားယွင်းသွားရင် တစ်ခုမဟုတ်တစ်ခု အပြစ်ရှာနေတတ်တဲ့ အိမ်ထောင်ဘက်ကိုရထားသလိုပဲ ဟိုဟာဖြစ်လိုက် ဒီဟာဖြစ်လိုက်နဲ့ စိတ်ချမ်းသာရမှာမဟုတ်ဘူး။ ဆိုတော့ … content creation အတွက် laptop ဝယ်တဲ့အခါမှာ ဘာတွေသတိထားပြီးကြည့်ရမလဲ?

Display

Content Creation works တွေအတွက် အဓိကအရေးကြီးတာက နေ့စဥ်ကြည့်နေမြင်နေရမယ့် display ပါ။ ဝဲတဲ စုတ်ချာနေတဲ့ display တွေပါတဲ့ laptop တွေနဲ့ဆိုရင် ကိုယ့်ရဲ့ ဖန်တီးမှုက ဘယ်လောက်လှတယ်၊ ဘယ်လောက်ထိ မိုက်နေတယ်ဆိုတာ ကိုယ်ကိုယ်တိုင်တောင်ခံစားလို့မရနိုင်ပါဘူး။ အဲ့ဒါကိုမှ color ကလဲမမှန်ဘူးဆိုရင် ကိုယ့် laptop display မှာအနီရောင်ဖျော့ဖျော့က သူများဆီမှာ ပန်းရောင်ဖြစ်နေတာမျိုးနဲ့ တလွဲတချော်တွေဖြစ် နေပြီး လှသင့်သလောက်မလှတဲ့ ပုံတွေ၊ video တွေပဲထွက်လာပါလိမ့်မယ်။ ဆိုတော့ ဖြစ်နိုင်ရင် IPS panel type သုံးထားပြီး sRGB 100% ဝန်းကျင်လောက် coverage ရှိတဲ့ display နဲ့ laptop တွေကိုရွေးချယ်သင့်ပါတယ်။ ဒီနေရာမှာလုပ်လေ့ရှိတဲ့အမှားကတော့ performance ဦးစားပေးထားတဲ့ budget gaming laptop တွေဝယ်တာပါပဲ။ Budget gaming laptop အများစုက sRGB 60% ဝန်းကျင်လောက်ပဲရှိတတ်ပြီး color မှန်လေ့မရှိပါဘူး။ ပြီးတော့ Content creation အတွက် laptop ဝယ််မယ်ဆိုရင် display size ကို 15.6” အောက်လုံးဝမရွေးသင့်ပါဘူး။ အထူးသဖြင့် ကိုယ်က external monitor နဲ့ သုံးဖို့လုံးဝအစီအစဉ်မရှိဘူးဆိုရင်ပေါ့။ ကိုယ့်မျက်လုံးကိုသနားရင် 13” laptop ပေါ်မှာ photo, video edit လုပ်ဖို့မစဥ်းစားပါနဲ့။ Resolution ကတော 1080p(Full HD) အထက်ဆိုရင်ပုံမှန်အားဖြင့်အဆင်ပြေပါတယ်။

Performance

ဒီနေရာမှာတော့ Photo editing က Video editing လောက် performance မလိုပါဘူး။ ဒါပေမယ့် ၂ မျိုးစလုံးမှာ အဓိကအသုံးပြုတဲ့ အစိတ်အပိုင်းက Central Processing Unit (CPU) ဖြစ်ပါတယ်။ Photo editing အတွက် များသောအားဖြင့် core count ပိုများများပါတာထက် clock speed ပိုမြင့်တဲ့ CPU တွေက အကျိုးကျေးဇူးပိုရှိတတ်ပြီးတော့ Video Editing အတွက်ကတော့ clock speed ရော core count ရော ၂ မျိုးစလုံးလိုပါတယ်။ ဆိုတော့ ကိုယ်က graphic design ပဲလုပ်မယ်ဆိုရင် 4 to 8 cores CPU တွေနဲ့လုံလောက်နိုင်ပြီးတော့ video editing ပါလုပ်မယ်စိတ်ကူးရင် 8 to 16 cores လောက်ပါတဲ့ CPU တွေကိုရွေးချယ်သင့်ပါတယ်။ ဖြစ်နိုင်ရင် H series တွေလိုမျိုး 30-50W ဝန်းကျင် TDP ရှိတဲ့ CPU တွေကို ရွေးပါ။ U series CPU တွေက 15W လောက်ပဲ power draw ရှိလို့ ပုံမှန်အားဖြင့် performance ပိုနည်းလေ့ရှိပါတယ်။ ဈေးအရမ်းမကြီးဘဲနဲ့ photo, video editing အတွက် တော်တော်လေး capable ဖြစ်တဲ့ laptop CPU တွေကတော့ AMD Ryzen 5600H CPU ဒါမှမဟုတ် Intel 12700H, 12500H တွေပါပဲ။ အဲ့ဒါကို အခြေပြုပြီး ကိုယ်ပိုတတ်နိုင်ရင် တတ်နိုင်သလောက် AMD Ryzen 9 7945HX ဒါမှမဟုတ် Intel Core i9-13950HX တွေအထိသွားလို့ရပါတယ်။

GPU ကတော့ Davinci Resolve လိုမျိုး တစ်ချို့ Video editing software တွေမှာ သုံးလေ့ရှိပေမယ့် များသောအားဖြင့် အရမ်းအမြင့်ကြီးမလိုပါဘူး။ GTX 1650, 1660 ဒါမှမဟုတ်ပိုသုံးချင်ရင် RTX 3060 ဝန်းကျင်လောက်နဲ့တင်တော်တော်လေးအဆင်ပြေပါတယ်။ GPU အရမ်းပိုကောင်းသွားလို့ video or photo editing မှာ သိသိသာသာပိုမြန်သွားတယ်ဆိုတာမျိုးမဟုတ်ဘူး ဆိုတော့ ကိုယ်က 3D graphic rendering တွေမလုပ်ဘူး၊ ဂိမ်းအကြမ်းကြီးတွေမဆော့ဘူးလို့ဆုံးဖြတ်ထားရင် GPU အကြမ်းစားကြီးတွေမလိုပါဘူး။ CPU ပိုအားသာတဲ့ကောင်ကိုပဲရွေးဝယ်ရမှာပါ။
RAM ကတော့ photoediting အတွက်အနည်းဆုံး 8 GB to 16GB, video editing အတွက် 16GB to 32 GB လိုအပ်ပါတယ်။ ဒီနေရာမှာ RAM speed တွေ၊ cl timing တွေထက် amount ကပဲပိုအဓိကကျပါတယ်။ RAM က လုံလုံလောက်လောက်ရှိနေတဲ့အချိန်မှာ ဘယ်အရာကိုမှပိုမမြန်သွားစေနိုင်ပေမယ့် မလုံလောက်တဲ့အချိန်မှာတော့ အကုန်လုံးကိုနှေးသွားစေပါတယ်။ ဆိုတော့ minimum ram 8GB ကနေ 4k edit လုပ်မယ်စိတ်ကူးရင် 32GB အထက် လောက်ထိ ရှိနေတာ အကောင်းဆုံးပါပဲ။

Storage အတွက်တော့ ပုံမှန်အားဖြင့် SSD ပါတဲ့ laptop ဆိုအဆင်ပြေပါတယ်။ ပမာဏကတော့ ကိုယ့် project တွေပေါ်မူတည်ပြီး အနည်းဆုံး 256 to 512GB လောက်ရှိသင့်တယ်။ လိုအပ်ရင် external ssd နဲ့သုံးလို့ရတာဖြစ်တဲ့အတွက် အရမ်းစဉ်းစားစရာတော့မလိုပါဘူး။ HDD နဲ့ laptop တွေကတော့ ခုခေတ်မှာဝယ်ကိုမဝယ်သင့်တော့တဲ့ထဲပါနေပါပြီ။

Battery life

Battery life ကလဲ creator တွေအတွက်အရေးကြီးတဲ့ထဲမှာပါပါတယ်။ မီးတွေပျက်နေတဲ့အချိန်အလုပ်ကောင်းကောင်းဆက်လုပ်နိုင်ဖို့က laptop က အားခံဖို့လိုပါတယ်။ များသောအားဖြင့် 10 နာရီဝန်းကျင်ခံတယ်လို့ ကြေငြာထားတဲ့ laptop တွေက ပုံမှန် web browsing , video playback လိုမျိုး performance သိပ်မစားတဲ့ task တွေမှာစမ်းထားတာပါ။ ကိုယ့် video ,photo edit လို performance task တွေသုံးမယ်ဆို သူတို့ကြေငြာထားတဲ့အချိန်ကို ၃ နဲ့စားကြည့်လိုက်ပါ။များသောအားဖြင့်က အဲ့လောက်ပဲခံပါလိမ့်မယ်။ ဥပမာ ၁၀ နာရီ video playback ရတဲ့ laptop က video edit မှာ ၃ နာရီလောက်ပဲအများဆုံးရမှာပါ။ အဲ့လိုကြိုမှန်းထားနိုင်မှပဲတော်ကာကျပါတယ်။အခုနောက်ပိုင်း Mid-range Gaming laptop တော်တော်များများက Color မှန်တဲ့ Display ကောင်းကောင်းတွေထည့်ပေးလာပြီးတော့ photo, video editing အတွက်ပါ ကောင်းကောင်းသုံးလို့ရအောင်လုပ်ပေးထားကြပါတယ်။ ဆိုတော့ အပေါ်က ဦးစားပေးရမယ့်အချက်တွေကို ကြည့်ပြီး mid-range gaming laptop တွေထဲကရွေးမယ်ဆို ကိုယ်နဲ့အနီးစပ်ဆုံးကိုက်ညီတဲ့ editing laptop တစ်လုံးရနိုင်ပါတယ်။ ဒါမှမဟုတ်လဲ ပိုဈေးကြီးတဲ့ ultra-book, work-station laptop တွေထဲက စဉ်းစားလို့ရတယ်။
အပေါ်ကရေးထားတာတွေအကုန်လုံးဘာမှမစဥ်းစားချင်ရင် ပိုရိုးရှင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။
အဲ့ဒါကတော့ Apple Silicon Mac တွေဝယ်ဖို့ပါပဲ။ M1 Macbook Air နဲ့အထက် Apple Silicon Mac အကုန်လုံးက content creation အတွက် ဘာမှလှည့်ကြည့်စရာမလိုလောက်အောင် အဆင်ပြေပါတယ်။ Performance ကောင်းကောင်းကို power efficient ဖြစ်ဖြစ်နဲ့ရတာဆိုရင် ဒီကောင်တွေပဲရှိမှာပါ။ ဆိုတော့ battery life မှာ တခြား ဘယ် laptop တွေနဲ့ယှဉ်ယှဉ်ပိုသာပါတယ်။ ကျန်တဲ့ display ဘာညာကလဲ color မှန်ဖို့၊ resolution ကောင်းဖို့ လိုက်ကြည့်နေစရာမလိုပါဘူး။ အားနည်းချက်ကတော့ ဈေးကြီးပါတယ်၊ လိုချင်တဲ့ spec ရောက်ဖို့ parts upgrade လုပ်ရင်ပိုဈေးကြီးပါတယ်။ ပြီးတော့ game ဆော့လို့မရပါဘူး။ Editing laptop ကို Game ပါဆော့ချင်တယ်ဆိုရင်က Mac ဝယ်တာထက် Windows Laptop တွေထဲကပဲ ရွေးရမှာပါပဲ… ။
အဲ့လိုမျိုး စိတ်ကြိုက်ရွေးချယ်နိုင်ဖို့အတွက်ကို Laptop Brand အမျိုးအစားအစုံအလင်နဲ့ Specification အမျိုးမျိုး Technoland မှာ ရှိပါတယ်။ လာရောက်လေ့လာပြီး ဝယ်ယူလို့ရသလို၊ online ကနေလဲ အိမ်အရောက်မှာယူလို့ရကြောင်း သတင်းကောင်းပါးလိုက်ပါတယ်…
#Knowledge #Technoland

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *