Our Articles

IPhone 15 Series နဲ့ Apple Watch 9 မှာဘာတွေထူးခြားလာလဲ?

မနေ့ညက iPhone 15 တွေရယ်၊ Apple Watch Series 9 တွေရယ်ကို မိတ်ဆက်သွားတယ်။ ဒီ article မှာတော့ product အသစ်တွေဆီက သိသာတဲ့အပြောင်းအလဲတွေအကြောင်း ပြောပြပေးမှာပါ။

iPhone 15 နဲ့ 15 Plus တွေမှာမနှစ်က pro series တွေမှာပဲပါတဲ့ Dynamic Island ပါလာပြီးတော့ USB-C လဲဖြစ်သွားပြီ။ ဒါပေမယ့် speed ကတော့ USB 2.0 speed ပဲရမယ်။ Performance အတွက်ကို မနှစ်က 14 pro series မှာသုံးထားတဲ့ A16 Bionic Chip ကိုသုံးပေးထားတယ်။ Camera ကိုလဲ 12MP ကနေ 48MP main camera ပြောင်းသုံးပေးထားပြီးတော့၊ 2x zoom မှာ optical zoom နီးပါးကောင်းတဲ့ quality ရမယ်လို့ပြောသွားတယ်။ Display ကလဲ မနှစ်ကထက် ၂ ဆနီးပါးလောက် peak brightness မှာပိုကောင်းလာတယ်။ အရောင် က အမဲ၊ အဝါ၊ အပြာ၊ အစိမ်း၊​ပန်းရောင်ဆိုပြီး ၅ ရောင်ရမယ်၊​ ပန်းရောင်လေးကတော့ hero color ပေါ့။ ဈေးက iPhone 15 ကို $799 နဲ့ iPhone 15 Plus က 899$ ကျမှာဖြစ်ပါတယ်။ September 15 ရက်နေ့မှာ pre-order စလက်ခံမှာဖြစ်ပြီး September 22 မှာ shipping စလုပ်ပေးပါလိမ့်မယ်။ ဆိုတော့ အရင် iPhone 14 ထက်စာရင်တော့ တော်တော်လေးပိုတန်သွားတယ်။ အားမရတာက ခုထိ 60Hz display ပဲဆက်သုံးထားတာပါပဲ။

iPhone 15 Pro နဲ့ Pro Max မှာ mute switch အစား ကိုယ်ကြိုက်တဲ့ shortcut ကိုပါ map လုပ်ထားလို့ရမယ့် action button ပြောင်းသုံးလာတယ်။ Titanium ဘောင်တွေကြောင့် ပိုပေါ့သွားတာ ရော ဘေးဘောင်တွေပိုပါးသွားတာရောက iPhone 15 Pro တွေကိုလက်ထဲမှာကိုင်လို့ပိုကောင်းသွားစေလိမ့်မယ်။Processor ကိုလဲ​ လက်ရှိအချိန်မှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ 3nm based A17 Pro processor ထည့်ပေးထားတယ်။ Processor ထဲမှာ USB-controller သပ်သပ်ပါမှာမို့လို့ ဒီ model တွေမှာတော့ USB-C data transfer speed က 10Gb/s အထိရမယ်။ အဲ့ speed ရဖို့ ကြိုးကတော့ သပ်သပ်ပြန်ဝယ်ရမယ်။ ပြီးတော့ Resident Evil: Village နဲ့ Resident Evil 4 Remake တို့လို Console level game တွေကို iPhone မှာ native ဆော့လို့ရလာမယ်။ အသစ်ထွက်မယ့် Assassin Creed Mirage လိုဂိမ်းပါ iPhone အတွက် ထွက်လာမယ်ဆိုတော့ Mobile Gaming က တစ်ဆင့်မြင့်လာပြီလို့ပြောလို့ရတယ်။ Camera အပိုင်းမှာ 48MP main camera ကိုပဲသုံးထားပေမယ့် aparture ပိုကောင်းတဲ့ lens တွေကြောင့်မို့လို့ low light ရော daylight ရောမှာ image quality ပိုကောင်းလာတယ်။ Vision Pro မှာပြန်ကြည့်လို့ရမယ့် 3D video တွေပါရိုက်လို့ရမယ်။ 15 Pro Max မှာ periscope zoom lens ပါလာပြီး 5x အထိ optical zoom ဆွဲလို့ရမယ်။ အရောင်က ခဲရောင်အရင့်၊ ခဲရောင်အဖျော့၊ အမဲနဲ့ အပြာဆိုပြီး ၄ ရောင်ရမယ်။ ဈေးကလဲ သတင်းတွေထွက်ထားသလိုကြီး အရမ်းတက်သွားတာမျိုးတော့မရှိဘူး။ iPhone 15 Pro က $999 ကနေပဲစမယ်၊ iPhone 15 Pro Max ကတော့ 128GB model မရှိတော့တဲ့အတွက် 256 GB model ကိုပဲ $1,199 နဲ့ရောင်းတော့မယ်။ ဆိုတော့ ဈေးတက်သွားတယ်လို့ပြောလို့ရသလို မတက်သွားဘူးလို့လဲပြောလို့ရတယ်။

Apple Watch Series 9 မှာတော့ အဓိကအပြောင်းအလဲက လက်ညှိုးနဲ့လက်မကို ထိပြီးသုံးရတဲ့ gesture control အသစ်လို့ပြောလို့ရတယ်။ Chipset အသစ်ကြောင့် Siri ကလဲ internet ကိုမမှီခိုတော့ဘဲနဲ့ on-device မှာသုံးလို့ရသွားတယ်။ Health data တွေကိုပါ Siri ကိုတန်းမေးလို့ရမယ်။ Display brightness ကလဲ series 8 ထက် ၂ ဆပိုကောင်းတဲ့ 2000 nits brightness အထိရမယ်။ ဈေးကတော့ $399 ကနေစမယ်။

Apple watch ultra 2 ကတော့ series 9 က function တွေအပြင်ကို brightness က 2000 nits ကနေ 3000 nits အထိဖြစ်သွားတယ်။ ပိုလဲအကြမ်းခံလာမယ်။ Battery life က normal usage မှာဆို ၃၆ နာရီ၊ low power mode မှာဆို ၇၂ နာရီအထိရမယ်။ ဈေးကတော့ $799 ကနေစမယ်။

ဆိုတော့ သတင်းကောင်းကတော့ pro max ဝယ်မယ့်သူတွေအတွက် ဈေးမတက်တာနဲ့ ရိုးရိုး 15 တွေက 14 ထက်တန်လာတာပါပဲ။ ခုဈေးတွေနဲ့က ဒီနှစ် iPhone တွေလဲရောင်းကောင်းဦးမယ့် သဘောရှိပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *