Our Articles

မကြာခင်ကမိတ်ဆက်သွားတဲ့ Redmi Note 13 Series တွေကဘာတွေပိုကောင်းလာလဲ?

ခုခေတ်လို ဖုန်းတွေဈေးအရမ်းတက်နေတဲ့အချိန်မှာ ဈေးအရမ်းမကြီးဘဲနဲ့ Price to Performance အရမ်းကောင်းတဲ့ Redmi Note series တွေက ရွေးချယ်ချင်စရာပါပဲ။ အဲ့လိုဖြစ်အောင်လဲ Xiaomi က တစ်နှစ်ထက်တစ်နှစ် ပိုပိုကောင်းလာတဲ့ hardware တွေနဲ့ဆွဲဆောင်နေပါတယ်။ မနှစ်က Redmi Note 12 series တွေ ကောင်းခဲ့သလိုပဲ သိပ်မကြာခင်က မိတ်ဆက်သွားတဲ့ Redmi Note 13 , Note 13 Pro, Note 13 Pro+ series တွေကလဲ ပိုတောင်ကောင်းလာပါသေးတယ်။

Redmi Note 13 မှာ MTK ရဲ့ midrange chipset ဖြစ်တဲ့ Dimensity 6080 ကိုသုံးလာတယ်။ သူ့ performance က Redmi Note 12 ရဲ့ Snapdragon 4 gen 1 နဲ့ သိပ်မကွာဘူးဆိုတော့ ဈေးပိုသက်သာအောင်သုံးတာဖြစ်နိုင်ပါတယ်။ Display က 120Hz AMOLED panel သုံးထားပြီးတော့ အောက်က bezel(ဘောင်)က redmi note 12 နဲ့ယှဉ်ရင်တော်တော်လေးပါးသွားတယ်။ Camera ကိုလဲ 48MP ကနေ 100MP sensor ပြောင်းသုံးပေးလာတယ်။ Ultrawide camera ကတော့ မပါတော့ပါဘူး။ နောက်ထပ် 2MP depth sensor တစ်ခုပဲထည့်ပေးထားပါတယ်။ 5000 mAh battery ပါတာနဲ့ 33W wired charging ပါတာကလဲမပြောင်းလဲပါဘူး။ ဈေးနှုန်းက CNY 1,199 ကနေစပါမယ်။ လက်ရှိယွမ်ဈေး ၄၇၅ ကျပ်နဲ့ဆို 5 သိန်းဝန်းကျင်ပေါ့။

Redmi note 12 Pro မှာတုန်းက Dimensity 1080 သုံးခဲ့ရတာကနေ အခုအသစ်ထွက်တဲ့ Redmi note 13 Pro မှာတော့ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ Snapdragon 7s gen 2 ကိုသုံးလာတယ်။ 7s ဆိုလို့အထင်မကြီးသွားနဲ့ဦး၊ နဂို 7 plus gen 2 ထက် performance ပိုနည်းနိုင်တယ်လို့သတင်းထွက်ထားတယ်။ ဒါပေမယ့် Dimensity 1080 ထက်တော့ performance ပိုကောင်းမယ်၊ efficiency နဲ့ thermal ပိုင်းလဲပိုကောင်းလာနိုင်တယ်။ Display ကလဲ အရင် peak brightness 900 nits ပဲရတဲ့ panel ကနေ 1800 nits အထိရတယ်ဆိုတော့ ၂ ဆနီးပါးလောက် peak brightness ပိုများလာတယ်၊ HDR content တွေအတွက်အများကြီးပိုကောင်းလာမယ့်သဘောရှိတယ်။ Resolution ကလဲ 1080p ကနေ 1.5k ဖြစ်သွားတယ်။ ပြီးတော့ Camera ကလဲ Major upgrade ဖြစ်တယ်လို့ပြောလို့ရတယ်။ 50 MP main sensor ကနေ 200 MP sensor ကိုပြောင်းသုံးထားပြီး OIS လဲရနေတုန်းပဲ။ ကျန်တဲ့ 8MP ultra wide နဲ့ 2MP macro ကတော့ တူတူပါပဲ။ Battery က 5100 mAh ဆိုတော့ 100 mAh ပိုများလာတယ်၊ 67W wired fast charging ကတော့အတူတူပါပဲ။ ဈေးနှုန်းက CNY 1,499 ကနေစမှာဖြစ်ပါတယ်။ ၇ သိန်းဝန်းကျင်လောက်ဖြစ်ပါလိမ့်မယ်။

Note 13 Pro+ မှာတော့ Dimensity 7200-Ultra chipset ကိုသုံးလာတယ်၊ 16GB LPDDR5 RAM နဲ့ UFS 3.1 storage ကိုပါသုံးထားတဲ့အပြင် thermal cooling ပိုင်းအတွက် Vapor Chamber heat sink ကိုပါထည့်ပေးထားတယ်။ Dimensity 7200-Ultra ဆိုတာက ဒီ Note 13 Pro+ မှာမှစပါလာမယ့် SoC အသစ်ဆိုတော့ ဘယ်လိုအခြေအနေရှိမလဲတော့မသိရသေးဘူး။ Display က Note 13 Pro ရဲ့ panel နဲ့အတူတူပဲကိုမှ curved display လုပ်ထားပေးတယ်။ အရှေ့မှန်ကို Gorilla Glass Victus နဲ့ကာကွယ်ပေးထားတယ်။ In-Display fingerprint scanner လဲပါမယ်။ Camera ကတော့ မတိုးတက်လာဘူး အရင် Note 12 Pro+ တုန်းကသုံးထားတဲ့ Samsung ရဲ့ 200MP sensor ပဲ။ 8MP ultrawide နဲ့ 2MP macro ကလဲတူတူပါပဲ။ 5000 mAh battery နဲ့ 120W fast charging ကလဲ မနှစ်ကအတိုင်းပါပဲ။ IP 68 rating ပါလာပြီး ရေစိုခံလာတာကတော့ တော်တော်လေးမိုက်ပါတယ်။ K60 ultra မှာထည့်ပေးတာသိပ်မထူးဆန်းပေမယ့် ဒီလို mid range ဖုန်းမှာပါထည့်ပေးတာကတော့ တော်တော်သဘောကောင်းတယ်ပြောရမှာပါ။ ဈေးနှုန်းက CNY 1,999 ကနေစပါမယ်။ မြန်မာငွေနဲ့ဆို ၉ သိန်းဝန်းကျင်လောက်ကျမှာဖြစ်ပါတယ်။

ဒီဖုန်းတွေကို တရုတ်ပြည်မှာ September 26 ရက်နေ့မှာစရောင်းပါလိမ့်မယ်။ Price to performance အရတော်တော်လေးတန်တဲ့ဖုန်းတွေဆိုတော့ ရောင်းကောင်းဦးမယ့်ပုံပါပဲ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *