Our Articles

Chat GPT ထက်ပိုကြမ်းမယ့် Google ရဲ့ Gemini Generative AI

ChatGPT ထွက်လာပြီးတဲ့နောက် 2022 – 2023 အတွင်းမှာ Text focus Generative AI ခေတ်တစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ပြီးပါပြီ။ သိချင်တာတွေကို website တွေမှာလိုက်ရှာကြည့်စရာမလိုဘဲ AI ကိုတိုက်ရိုက်မေးပြီး သိနိုင်တဲ့ AI ခေတ်ဦးကာလပေါ့။ အခုတော့ အဲ့ဒီထက်အများကြီးပိုပြီး လုပ်နိုင်စွမ်းရှိလာမယ့် Multimodel generative AI တွေရဲ့ ခေတ်ကို Google ရဲ့ Project Gemini နဲ့အတူ ကျွန်တော်တို့မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ChatGPT လိုမျိုး Large Language Model နဲ့ Gemini လို natively multimodel AI ရဲ့အဓိကကွာခြားချက်ကတော့ Chat GPT က data တွေကို text တွေကနေပဲ ရယူနိုင်တာဖြစ်ပေမယ့် Gemini ကတော့ audio, video နဲ့ image တွေကိုပါ နားလည် သင်ယူနိုင်စွမ်းရှိတာဖြစ်ပါတယ်။ Text တွေဆီကနေပဲ သင်ယူလေ့ကျင့်ထားတဲ့ Chat GPT ရဲ့စွမ်းဆောင်ရည်နဲ့တင် လူသားတွေကို အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုပေးနိုင်တာကို ကြုံခဲ့ရပြီးပါပြီ။ ဒါပေမယ့် တစ်ဖက်မှာလဲ text only ကနေရနိုင်တဲ့ information တွေကအကန့်အသတ်ရှိတဲ့အပြင်ကို မမှန်ကန်တဲ့ information တွေကိုထုတ်ပေးတာ၊ ကိုယ်တိုင်စဥ်းစားနိုင်တဲ့ reasoning အားနည်းတာ၊ security ယိုပေါက်တွေရှိတာစတဲ့ အားနည်းချက်တွေလဲရှိနေတုန်းပါပဲ။

Google ရဲ့ Gemini မှာတော့ response တွေကိုပိုပြီးမှန်ကန်တိကျဖို့နဲ့ ကိုယ်တိုင်စဥ်းစားတွေခေါ်နိုင်တဲ့ reasoning capabilities တွေဘက်ကို ပိုအားစိုက်ထားတယ်၊ အဲ့ဒါကို Google ရဲ့ Gemini ကိုစမ်းပြထားတဲ့ trial video မှာတွေ့နိုင်သလို benchmark တွေမှာလဲ နေရာတော်တော်များများမှာ ChatGPT ထက်ပိုသာနေတာကိုတွေ့ရတယ်။ step ပိုများများကိုလဲတစ်ခါတည်းလုပ်ပေးနိုင်တယ်။ ဥပမာ – product တစ်ခုကို market research လုပ်ပေးပါလို့ခိုင်းလိုက်ရင် Gemini က web မှာတစ်ခါတည်းသူ့ဟာသူ search လုပ်ပြီး analysis တွေနဲ့ ဘယ်လိုပိုကောင်းအောင်လုပ်လို့ရမလဲဆိုတဲ့ idea တွေကို တန်းပြီးပြပေးနိုင်မယ်လို့ဆိုပြီး Chat GPT ကတော့ နည်းနည်းပိုပြီး တိကျတဲ့ instruction တွေကို step by step ပေးရဦးမှာပဲဖြစ်ပါတယ်။ ဆိုတော့လောလောဆယ်ဈေးကွက်ထဲရောက်လာမယ့် AI တွေထဲမှာတော့ Gemini က အကောင်းဆုံး Multimodel Generative AI လို့ပြောရမှာပါပဲ။ ဒါပေမယ့် ChatGPT ရဲ့ဖန်တီးရှင် OpenAI ဆီနေကလဲ Q* လို့ခေါ်တဲ့ ဘယ်လောက်ပိုကောင်းလာမလဲ သေချာတိတိကျကျ မသိရသေးတဲ့ project တစ်ခုရှိနေသေးတာဖြစ်လို့ AI တွေရဲ့ အားပြိုင်မှုကို ကျွန်တော်တို့ဆက်စောင့်ကြည့်ရဦးမှာပါ။

Gemini အတွက်ကို Ultra, Pro နဲ့ Nano ဆိုပြီး မတူညီတဲ့ sizes တွေရှိပြီး Data centers တွေကနေ smartphones တွေအထိ ကောင်းကောင်းသုံးလို့ရအောင် optimized လုပ်ထားတယ်လို့ဆိုပါတယ်။ Gemini Nano က Google ရဲ့ efficient အဖြစ်ဆုံး model ဖြစ်ပြီးတော့ on-device tasks တွေအတွက်ထုတ်ထားတာဖြစ်ပါတယ်။ Gemini Nano ကို Google ရဲ့နောက်ဆုံးထွက်ထားတဲ့ Pixel 8 Pro ဖုန်းပေါ်မှာ သိပ်မကြာခင် သုံးလို့ရမှာပါ။ On device AI ဖြစ်တဲ့အတွက် data တွေကို ပြင်ပမရောက်အောင်ထိန်းသိမ်းပေးတာ၊ အင်တာနက်မလိုဘဲသုံးလို့ရတာစတဲ့ အကျိုးကျေးဇူးတွေလဲရမှာဖြစ်ပါတယ်။ နောက်နှစ် Pixel ဖုန်းတွေမှာလဲ Gemini models တွေကို Bard assistant နဲ့အတူ သုံးလို့ရမှာဖြစ်တဲ့အတွက် Gemini model ရဲ့အောင်မြင်မှုပေါ်မှာမူတည်ပြီးတော့ pixel ဖုန်းတွေလဲ ဒီထက်ပိုပြီး ရောင်းအားကောင်းလာနိုင်ချေရှိပါတယ်။

#Technoland

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *