Our Articles

Las Vegas က ဘောလုံးပုံ Display ကြီးမှာ ဘယ်လိုနည်းပညာတွေသုံးထားလဲ?

တော်ယုံ Technology ဘာညာကိုစိတ်မဝင်စားတဲ့သူတွေတောင်မှပဲ Las Vegas က ချစ်စရာကောင်းတဲ့ အလန်းစား animation တွေနဲ့ The Sphere ကို video တွေမှာတွေ့ဖူးကြမှာပါ။ လူပေါင်း 18,600 ဆန့်ပြီး ဒေါ်လာ 2.3 bilion အကုန်ကျခံတည်ဆောက်ထားတဲ့ ဒီ entertainment arena ကြီးရဲ့အတွင်းဘက်မှာ 16K resolution ရှိတဲ့ wraparound LED screen တွေအပြင်ကို beamforming speakers တွေပါထည့်သွင်းတည်ဆောက်ထားပါတယ်။ အပြင်ဘက်ခြမ်းမှာလဲ 580000 sq ft ရှိတဲ့ LED displays တွေတပ်ထားပါသေးတယ်။

The Sphere ကိုဖန်တီးခဲ့တဲ့ Sphere Entertainment က သူတို့သုံးထားတဲ့ display တွေရဲ့ specification တွေကို မတ်လ ၁၇ ရက်နေ့က ဖော်ပြလာပါတယ်။ The Sphere မှာသုံးထားတဲ့ display ကို SACO Technologies က ထုတ်လုပ်ပေးထားဖြစ်ပါတယ်။ Resolution က 16K , 16,000 x 16,000 pixel ရှိပြီးတော့ သူ့မှာပြနေတဲ့ video တွေကိုသိမ်းဖို့ storage က 4 petabytes တောင်ရှိပါတယ်။ အဲ့ဒီအတွက်ကို 27 node ရှိတဲ့ Hitachi Vantra file system ကိုသုံးထားတာဖြစ်ပါတယ်။ 1 petabytes ကို 1000 terabytes ဆိုတော့ 4000 terabyte နဲ့ညီမျှတဲ့ အနေအထားပါ။ GB နဲ့ ဆို 4,000,000GB ပေါ့ ။ အဲ့ဒီ storage ကနေ 7th Sense Actor media servers နဲ့ 4K 60fps stream ပေါင်း ၄၀ လောက်တစ်ပြိုင်တည်းထုတ်ပေးပြီး sphere ရဲ့ display ကြီးမှာပြပေးတာဖြစ်ပါတယ်။ Sphere မှာ 12-bit color depth, 4:4:4 subsampling နဲ့ ရုပ်ရှင်ပြဖို့အတွက် 400GB per second နဲ့ stream လုပ်ရမှာဖြစ်ပါတယ်။

Audio အပိုင်းမှာလဲ 464 Holoplot X1 MD90 နဲ့ MD80s modules တွေကို main stage speakers တွေအနေနဲ့တပ်ဆင်ပေးထားပါတယ်။ Holoplot X1 Speakers ပေါင်း 1600 လောက်ကိုလဲ LED panels တွေအနောက်မှာတပ်ဆင်ထားပြီးတော့ speaker drivers စုစုပေါင်း အလုံး 167,000 ရှိပါတယ်။

Moore’s Law အရသာဆိုရင် graphics card performance တွေနဲ့ display resolution တွေရဲ့ အရှိန်အဟုန်နဲ့တိုးတက်မှုက ၁၀ စုနှစ်တစ်ခုမှာ တစ်ခါဖြစ်တာဆိုတော့ အခု Las Veags Sphere မှာသုံးထားသလိုမျိုး 16K technology တွေက ဈေးသက်သာလာပြီး လူတိုင်းသုံးနိုင်ဖို့ 2032 ခုနှစ်လောက်အထိတော့ စောင့်ရဦးမယ်ထင်ပါတယ်။ 2024 အထိတော့ 4K monitor နဲ့ TV တွေက standard ပုံစံမျိုးဖြစ်နေတုန်းပါပဲ။ အခုလောလောဆယ်သုံးဖို့ 4K monitor တွေလိုအပ်နေတယ်ဆိုရင်တော့ Technoland website မှာ စိတ်ကြိုက်ဝင်ရောက်ကြည့်ရှု ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Ref; https://www.notebookcheck.net/Sphere-Entertainment…
https://en.wikipedia.org/wiki/Sphere_(venue)

Leave a Reply

Your email address will not be published. Required fields are marked *