အပြန်လေယာဉ်စရိတ် ပေးသွင်းထား ပြီးကြောင်း မြန်မာသံရုံးမှ ထောက်ခံစာ ထုတ်ပေးမည် ဖြစ်ပါသည်။ အဆိုပါ အပြန်လေယာဉ်စရိတ် အား မြန်မာအမျိုးသမီး တစ်ဦးအတွက် ပြည်ပတွင် နေထိုင်စဉ်အခက်အခဲများ ရင်ဆိုင် ရပါက ထုတ်ယူ အသုံးပြုနိုင်ရန် အာမခံအဖြစ် သံရုံးမှ ခေတ္တ ထိန်းသိမ်းပေးထားခြင်း ဖြစ်ပြီး မြန်မာအမျိုးသမီး အနေဖြင့် ပြည်ပတွင် အခက်အခဲ တစ်စုံတစ်ရာကြောင့် မြန်မာနိုင်ငံသို့ အပြီး ပြန်လည်နေထိုင်သည့် အချိန်တွင်လည်းကောင်း၊ အခြား နိုင်ငံသားအဖြစ် ခံယူပြီးသည့်အချိန်တွင် လည်းကောင်း ပြန်လည် ထုတ်ပေးမည် ဖြစ်ပါသည်။ အပြန်လေယာဉ်စရိတ်(အာမခံငွေ) ပေးသွင်းသည့်ကာလ (၃)နှစ်ပြည့်ပြီးဖြစ်ပါက ပြန်လည်ထုတ်ယူရန် လျှောက်ထားနိုင်ပါသည်။
အပြန်လေယာဉ်စရိတ် ပေးသွင်းရာတွင် ချက်လက်မှတ် (သို့မဟုတ်) သံရုံးဘဏ်စာရင်းသို့ လွှဲပြောင်း ထည့်သွင်း ပေးခြင်းဖြင့် ပေးသွင်းနိုင်ပါသည်။ ချက် (သို့) သံရုံးငွေစာရင်းသို့ ပေးသွင်းရာတွင် ဂျာမနီနိုင်ငံရှိ သံရုံးငွေစာရင်း ဖွင့်လှစ်ထားသည့် Deutsche Bank Ag ဘဏ်ရှိ Embassy of the Republic of the Union of Myanmar ငွေစာရင်း သို့ ပေးသွင်းရမည် ဖြစ်ပါသည်။
အပြန်လေယာဉ်စရိတ်ပြန်လည်တောင်းခံခြင်း
- အပြန်လေယာဉ်စရိတ် ပြန်လည်ထုတ်ယူခွင့်ပြုပါရန် ကိုယ်တိုင်ရေးလျှောက်လွှာ
- အပြန်လေယာဉ်စရိတ်ပေးသွင်းထားကြောင်း သံရုံး၏ ပြေစာမိတ္တူ
- မြန်မာနိုင်ငံသို့ အပြီး ပြန်လည်ထွက်ခွာပါက လေယာဉ်လက်မှတ်မိတ္တူ
- နိုင်ငံခြားသားအဖြစ် ခံယူပြီးဖြစ်ပါက နိုင်ငံကူးလက်မှတ်မိတ္တူ
- ဘဏ်စာရင်းအမှတ်နှင့် အမည်
- အပြန်လေယာဉ်စရိတ်အား သံရုံးမှသက်ဆိုင်ရာ ဘဏ်စာရင်းအမှတ်သို့ လွှဲပြောင်းပြီးပါက လက်ခံ ရရှိကြောင်း သံရုံးသို့ ပြန်ကြားပါမည် ဖြစ်ပါကြောင်း ကတိခံဝန်ချက်